Student Support and Guidance

Our Teaching Facilities
  • အင်္ဂလန်ပညာရေး၏ သင်ရိုးညွှန်းတမ်းများတွင် သင်ကြားရေးအတွေ့အကြုံရှိသော ဝါရင့်ဆရာ၊ ဆရာမများမှ ဦးစီးသင်ကြားပေးခြင်း။ အတန်းတိုင်းတွင် အတန်းပိုင်ဆရာမ (Class Tutor) များထားရှိကာ ကျောင်းသား/ သူ တစ်ဦးချင်းစီအလိုက် အနီးကပ်ဂရုတစိုက် သင်ကြားပေးခြင်း။
  • မတူညီသော ဘာသာရပ်တစ်ခုချင်းစီအပေါ်ကျောင်းသား/ သူများ စိတ်ပါဝင်းစားလာစေရန် အတွက် စာတွေ့သာမက Assignment / Project အထောက်အကူပြု Practical Class များထည့်သွင်း သင်ကြားပေးခြင်း။
  • UK Exam မတိုင်ခင်အတွင်း စာမေးပွဲကြီးအတွက် အထောက်အကူပြုစေရန် Topic (Chapter ) End Test များစစ်ဆေးပေးခြင်း။ IT နည်းပညာနှင့်ပတ်သက်ပြီး ကျောင်းသားများအသိပညာ ၊ အတတ်ပညာများ ၊ဗဟုသုတများ တိုးပွားစေရန်နှင့် Assignment / Project များအား အထောက်အကူဖြစ်စေရန် IT Seminars (နည်းပညာဆိုင်ရာဟောပြောပွဲများ) ကို အခါအားလျော်စွာကျင်းပပြုလုပ်ပေးခြင်း။
  • ကျောင်းသားများ စာလေ့လာနိုင်ရန်အတွက် Wi-Fi Internet နှင့် Library , E-Library များအား အခမဲ့စီစဉ်ထားရှိပေးခြင်း။ တန်းခွဲသစ်တစ်ခုချင်းစီ၏အစတိုင်းတွင် Main Course ( Main Subjects) များ မစတင်မီအချိန် အတွင်း သင်ကြားရေးအထောက်အကူပြု ကွန်ပျူတာအခြေခံ Orientation Course ကို အခမဲ့ ထည့်သွင်းသင်ကြားပေးခြင်း။
Our Campus Facilities
  • အေးမြလန်းဆန်း၍သန့်ရှင်းသပ်ရပ်သော အဆင့်မြင့်စာသင်ခန်းများဖြင့် သင်ကြားပေးခြင်း။ နိုင်ငံတကာအဆင့်မီ နောက်ဆုံးပေါ်သင်ထောက်ကူပစ္စည်းများဖြင့် သင်ကြားပေးခြင်း။
  • ကျောင်းဝန်းတစ်ခုလုံး၏ဧရိယာအား သန့်ရှင်းသပ်ရပ်စွာ ထားရှိထားသောကြောင့် ကျောင်းသား၊ သူတို့အားစိတ်ကြည်နူးချမ်းမြေ့မှုကို ပေးစွမ်းနိုင်ပြီးစာသင်ကြားရာတွင် အဆင်ပြေချောမွေ့ခြင်း။
  • ကျောင်းဝင်းအတွင်းမှာပင် စာရေးကိရိယာဆိုင် ၊ အဆာပြေစားသောက်နိုင်သော အသင့်စား မုန့်ဆိုင်ကိုပါ ထားရှိပေးထားသောကြောင့် ကျောင်းသား/ သူတို့၏ လိုအပ်ချက် အသေးအဖွဲလေး များကို ကျောင်းပြင်ပသို့ထွက်စရာမလိုပဲ ကျောင်းတွင်းမှာပင် ဖြေရှင်းနိုင်ခြင်း။
  • ကျောင်းသား/ သူများအား အသင်းအဖွဲ့စိတ်ဓာတ်များ ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ Activity များ၊ Sports & Games များ၊မောင်မယ်သစ်လွင်ကြိုဆိုပွဲများကို အခါအားလျော်စွာ ကျင်းပပြုလုပ် ပေးခြင်း။ ကျောင်းသား/ သူများ၏ အခြေခံကျန်းမာရေးအတွက်ပါ ဂရုတစိုက် ကြည့်ရှူစောင့်ရှောက်ပေးခြင်း။
Our Campus Health and Safety
  • အများစုဖြစ်လေ့ဖြစ်ထရှိသော သာမန်ဖျားနာ၊ ကိုက်ခဲ နာမကျန်းဖြစ်မှုများ နှင့် မတော်တဆ ထိခိုက်မှုများရှိချိန်တွင် အရေးပေါ်အလွယ်တကူ ကုသပေးနိုင်ရန်အတွက် ကြက်ခြေနီ ဆေးသေတ္တာများ အရန်သင့်ထားရှိပေးထားခြင်း။
  • ကျောင်းသား/ သူတိုင်းသည် မိမိတို့၏ ကျန်းမာရေးနှင့် ပတ်သက်သော အခက်အခဲများအား သက်ဆိုင်ရာ အတန်းပိုင်များအား တိုင်ပင်ဆွေးနွေးကာ သင့်တော်သည့် ဆေးဝါးများ တောင်းခံနိုင်ခြင်း။
  • သာမန်ထက်ကျော်လွန်သော ထိခိုက်၊ ဖျားနာမှုများဖြစ်ပေါ်ခဲ့ပါက ပြင်ပ ဆေးရုံ၊ ဆေးခန်းများ သို့ကုသနိုင်ရန် ကျောင်းသား/သူတို့၏မိဘ၊ အုပ်ထိန်းသူတို့အားအမြန်ဆုံး အကြောင်းကြား ဆက်သွယ်ပေးခြင်း။
  • Institute တစ်ခုလုံးအား ကျန်းမာသန့်ရှင်းသောပတ်ဝန်းကျင် ဖြစ်စေရန်အတွက် တစ်ကျောင်းလုံးတွင်ရှိသော စာသင်ခန်းများ၊ အိမ်သာများ၊ ဘေစင်များနှင့် ကျောင်းဝန်းတစ်ခု လုံး၏ဧရိယာအား သန့်ရှင်းသပ်ရပ်စွာထားရှိထားခြင်း။
  • ကျောင်းသား/ သူများစာသင်ကြားရာတွင် အေးအေးချမ်းချမ်း၊ လုံခြုံစိတ်ချစွာ စာသင်ကြား နိုင်ရန်အတွက် ကျောင်းတွင်း၊ ကျောင်းပြင်၌ လုံခြုံရေး CCTV ကင်မရာများတပ်ဆင်ထားကာ စောင့်ကြည့်စစ်ဆေးခြင်း။