About Us

Who We Are

NCL Institute သည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ပထမဆုံးတည်ထောင်ဖွင့်လှစ်လိုက်သော နိုင်ငံ တကာအဆင့်မီ ကွန်ပျူတာတက္ကသိုလ်တစ်ခု (Computing Institute) ဖြစ်ပါသည်။

NCL Institute ကို January 2018 တွင် စတင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်မြောက်ပိုင်းတွင် ထူးချွန် ထက်မြက်သော IT ကျောင်းသူကျောင်းသားများ၊ ပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

UK ၏ ထိပ်တန်းပညာရေးအဖွဲ့အစည်းဖြစ်သော NCC Education ၏ တရားဝင် အသိအမှတ်ပြု ချိတ်ဆက်ဖွင့်လှစ်ထားသည့် Institute တစ်ခုဖြစ်ပါသည်။

NCC Education , UK နှင့် တိုက်ရိုက်ချိတ်ဆက်ထားပြီး နိုင်ငံတကာ အသိအမှတ်ပြု Computing Diploma, Degree များကို လားရှိုးမြို့မှာပင် အလွယ်တကူ သင်ယူရရှိနိုင်အောင် စီစဉ်ဖွင့်လှစ်ပေးခဲ့ ခြင်းဖြစ်သည်။ အဆင့်မြင့် IT Course များကို ဆည်းပူးလိုသော လူငယ်များအတွက် နယ်ဝေးကိုသွားရောက် ပညာသင်စရာမလိုပဲ နိုင်ငံတကာအသိအမှတ်ပြု IT ဘွဲ့များကို လာရှိုးမြို့မှာပဲ အချိန်ကုန်၊ ငွေကုန် သက်သာစွာဖြင့် ပညာသင်ကြားနိုင်စေရန် စွမ်းဆောင်ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။

NCC Education သည် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားသော ထိပ်တန်းပညာရေးဖြစ်သည်နှင့် အညီ ၎င်း၏ အသိအမှတ်ပြု Centre ဖြစ်သည့် NCL institute မှ တစ်ဆင့်ပေးအပ်ချီးမြှင့်သည့် NCC Computing ဘွဲ့ များသည် တစ်ကမ္ဘာလုံးရှိ တက္ကသိုလ်များသာမက လုပ်ငန်းရှင်များကပါ ယုံကြည် လက်ခံပေးသည့် ဘွဲ့ လက်မှတ်များဖြစ်သည်။

NCL Institute အနေဖြင့် ကျောင်းသားများကို စာတွေ့၊ လက်တွေ့ ကျွမ်းကျင်တတ်မြောက်အောင် သင်ကြားပေးခြင်းသာမက ၊ IT လုပ်ငန်းနယ်ပယ်တွင် အများနည်းတူ ယုံကြည်မှု ရှိစွာ ရပ်တည်နိုင်ရန် IT Professional တစ်ယောက်တွင် ရှိသင့်၊ ရှိထိုက်သည့် Skills , Attitude များကိုပါ လမ်းညွန် ပြသ သင်ကြားပေးနေခြင်းဖြစ်သည်။ NCL Institute အနေနှင့် မူလရည်ရွယ်ချက်ဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် IT နည်းပညာ ထွန်းကားကျယ်ပြန့်ရန် နှင့် IT ကျွမ်းကျင်ပညာရှင်များ၊ ကျောင်းသား/ သူများ မွေးထုတ်ပေးနိုင်ရန် အတွက် ကျောင်းသား/ သူများ အမှန်တကယ် တတ်မြောက်ရေးကို ဦးတည်၍ အစဉ်ရှေ့ဆက် ကြိုးစားလုပ်ဆောင်လျှက်ရှိပါသည်။

UK Accredited Centre
UK Qualifications
Internationally Recognised